မဟုတ်ဘူး သင့်ကလေးအတွက် သတ်မှတ်ချက်ပြည့်မီပြီး လက်ခံရယူသည့် အကျိုးခံစားခွင့်များကို သင်၏ ဂရင်းကတ်လျှောက်ထားမှုများတွင် ထည့်သွင်းမစဉ်းစားပါ။ သင်၏ကလေး သို့မဟုတ် အခြားမိသားစုဝင်များ ရရှိသည့် ကျန်းမာရေး သို့မဟုတ် အစားအစာ အကျိုးခံစားခွင့်များအား သင်ကိုယ်တိုင်အတွက် ရယူသည့် အကျိုးခံစားခွင့်များအဖြစ် ထည့်မတွက်ပါ။ သင့်ကလေးအတွက် အကျိုးခံစားခွင့် လျှောက်ထားရာတွင် သင့်အမည်ကို အသုံးပြုသည့်တိုင် ၎င်းအား သင်ကိုယ်တိုင်အတွက် အကျိုးခံစားခွင့်များ လျှောက်ထားခြင်းဟု ထည့်မတွက်ပါ။