အစိုးရကုန်ကျစရိတ်ကို အောက်ပါတို့အပေါ် အသုံးချပါသည် -

  • မိသားစု အခြေပြု အသနားခံစာတစ်ခုမှတဆင့် တရားဝင် အမြဲတမ်းနေထိုင်မှု (ဂရင်းကတ်) ရရှိရန် လျှောက်ထားသည့် ရွှေ့ပြောင်းနေထိုင်သူများ
  • အမေရိကန်ပြည်ထောင်စုမှ 6 လထက် ပို၍ ထွက်ခွာခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင်း ပြန်ဝင်ရန် ကြိုးစားသော တရားဝင် အမြဲတမ်းနေထိုင်သူများ။
  • ၎င်းတို့၏ ကျောင်းသားဗီဇာများကို ပြောင်းလဲရန် သို့မဟုတ် သက်တမ်းတိုးရန် လျှောက်ထားသည့် "ရွှေ့ပြောင်းနေထိုင်ခြင်း မဟုတ်သူ" အချို့အပေါ် အနည်းငယ် ကွဲပြားသည့် စည်းမျဉ်း သက်ရောက်ပါသည်။

အစိုးရ ကုန်ကျစရိတ်ကို အောက်ပါတို့အပေါ် အသုံးမချပါ -

  • အမေရိကန် နိုင်ငံသားများ
  • နိုင်ငံသား သို့မဟုတ် ဂရင်းကတ် သက်တမ်းတိုးရန်အတွက် လျှောက်ထားသည့် တရားဝင် အမြဲတမ်းရွှေ့ပြောင်းနေထိုင်သူများ (ဂရင်းကတ် ကိုင်ဆောင်သူများ)
  • တရားဝင် အမြဲတမ်းနေထိုင်သူများအဖြစ် အဆင့်အတန်းပြောင်းလဲရန် လျှောက်ထားသည့် ဒုက္ခသည်များ။
  • တရားဝင် အမြဲတမ်းနေထိုင်သူများအဖြစ် အဆင့်အတန်းပြောင်းလဲရန် လျှောက်ထားသည့် ခိုလှုံသူများ။
  • TPS - ယာယီ အကာအကွယ် အဆင့်အတန်းရရှိရန်အတွက် ကနဦး သို့မဟုတ် ပြန်လည်မှတ်ပုံတင်ရန် လျှောက်ထားသူများ
  • DACA - ကလေးဘဝမှ ရောက်ရှိသူများအတွက် ရွှေ့ဆိုင်းလုပ်ဆောင်မှုကို သက်တမ်းတိုးရန် လျှောက်ထားသူများ
  • SIJS - SIJS အတွက် အတည်ပြုချက် ရရှိပြီးနောက် အထူး ရွှေ့ပြောင်းနေထိုင်သူ အဆင့်အတန်းရရှိရန် သို့မဟုတ် ဂရင်းကတ်တစ်ခု ရရှိရန် လျှောက်ထားသူ ကလေးများ
  • U ဗီဇာ - U ဗီဇာ လျှောက်ထားသူများ သို့မဟုတ် ဂရင်းကတ်လျှောက်ထားသည့် U ဗီဇာ ကိုင်ဆောင်သူများ
  • T ဗီဇာ - T ဗီဇာ လျှောက်ထားသူများ သို့မဟုတ် ဂရင်းကတ်လျှောက်ထားသည့် T ဗီဇာ ကိုင်ဆောင်သူများ
  • VAWA - အမျိုးသမီးများအား ဆန့်ကျင်အကြမ်းဖက်မှုဆိုင်ရာ အက်ဥပဒေ (VAWA) အရ ရွှေ့ပြောင်းနေထိုင်မှုအတွက် ကူညီကယ်ဆယ်ရေး ရရှိရန် မိမိဖာသာ အသနားခံသူများနှင့် ဂရင်းကတ်လျှောက်ထားသည့် VAWA ရှိသူများ
  • ဖယ်ရှားမှုကို ဆိုင်းငံ့ပေးရန်အတွက် သို့မဟုတ် ညှင်းပမ်းနှိပ်စက်မှု ဆန့်ကျင်ရေးဆိုင်ရာ သဘောတူညီချက်အရ လျှောက်ထားသူများ
  • ကျူးဘား ချိန်ညှိရေး အက်ဥပဒေ (Cuban Adjustment Act) အရ လျှောက်ထားသည့် ကျူးဘားလူမျိုးများ၊
  • SIV - အထူး ရွှေ့ပြောင်းနေထိုင်ရေး ဗီဇာများ ရရှိရန် လျှောက်ထားကြသည့် အာဖဂန်နှင့် အီရတ် စကားပြန်များနှင့် ဘာသာပြန်များ
  • မှတ်ပုံတင် - မှတ်ပုံတင် ရရှိရန်လျှောက်ထားသူများ (အမေရိကန်ပြည်ထောင်စုတွင်း 1972 ခုနှစ်၊ ဇန္နဝါရီလ 1 ရက်နေ့ကတည်းက နေထိုင်ခဲ့သူများ)
  • NACARA - နီကာရာဂွါ ချိန်ညှိရေးနှင့် အမေရိကတိုက်အလယ်ပိုင်း ကယ်ဆယ်ရေး အက်ဥပဒေ (Nicaraguan Adjustment and Central American Relief Act) အရ ဂရင်းကတ်ရရှိရန် လျှောက်ထားသူများ
  • HRIFA - ဟေတီ ကယ်ဆယ်ရေးနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် တရားမျှတရေး အက်ဥပဒေ (HRIFA) အရ ဂရင်းကတ်ရရှိရန် လျှောက်ထားသူများ
  • Lautenberg လွတ်ငြိမ်းခွင့် ရရှိသူများ - အမေရိကန်ပြည်ထောင်စုတွင်းသို့ လွတ်ငြိမ်းခွင့်ဖြင့် ဝင်ရောက်ခဲ့ပြီး ဂရင်းကတ်လျှောက်ထားကြသည့် ယခင် ဆိုဗီယက်ယူနီယမ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံများမှ လူပုဂ္ဂိုလ်များ
  • အချို့သော အခြား "လူသားချင်းစာနာထောက်ထားရေး" အရ ရွှေ့ပြောင်းနေထိုင်သူများ