သင်၏ အချက်အလက်အချို့ကို ပေးရပါလိမ့်မည်။ ဥပမာ - လျှောက်လွှာအရ သင့်မိသားစုတွင်းရှိ လူများသည် ၎င်းတို့ကိုယ်တိုင်အတွက် အကျိုးခံစားခွင့်များရရှိရန် လျှောက်ထားနေခြင်း မဟုတ်သည့်တိုင် လူတိုင်းအတွက် ဝင်ငွေဆိုင်ရာ အချက်အလက် လိုအပ်ပါသည်။ သို့ပါသော်လည်း သင်သည် သင်၏ကလေးများအတွက်သာ အကျိုးခံစားခွင့်များ လျှောက်ထားနေပါက လူမှုဖူလုံရေးနံပါတ် သို့မဟုတ် သင်၏ ရွှေ့ပြောင်းနေထိုင်မှု အဆင့်အတန်းဆိုင်ရာ အချက်အလက်ကို ပေးအပ်ရန် မလိုအပ်ပါ။ အဆိုပါ ကဏ္ဍများကို ကွက်လပ်ချန်ထားခဲ့နိုင်ပါသည်။