အများသူငှာ အကျိုးခံစားခွင့်အများစုသည် လူတစ်ဦး၏ လူဝင်မှုကြီးကြပ်ရေးအဆင့်အတန်းကို မထိခိုက်စေပါ။

ကလေးတစ်ဦး သို့မဟုတ် အခြားမိသားစုဝင်တစ်ဦးက ပြည်ထောင်စု ဘေးကင်းရေးကွန်ရက် အစီအစဉ်များအား အသုံးပြုမှုသည် လျှောက်ထားသူ၏ ရွှေ့ပြောင်းနေထိုင်မှု လျှောက်ထားချက်အပေါ် ဘယ်တော့မှ မထိခိုက်ပါ။

  • SNAP ၊ WIC ၊ School meals ၊ Section 8 နှင့် အစိုးရအိမ်ရာ အပါအဝင် အာဟာရနှင့် အိမ်ရာ အထောက်အကူ အစီအစဉ်များ၊

  • နေအိမ်သုံး စွမ်းအင်ဆိုင်ရာ အထောက်အကူ သို့မဟုတ် ကလေးစောင့်ရှောက်ရေး ကဲ့သို့သော သီးခြားရည်ရွယ်ချက်တစ်ခုအတွက် ငွေသား ပေးချေမှုများ၊

  • ကပ်ရောဂါနှင့် COVID-19 စစ်ဆေးမှု၊ ကုသမှု၊ ကာကွယ်ဆေးများ၊ စီးပွားရေး ထိခိုက်မှုအတွက် ငွေချေချက်လက်မှတ်များ (တိုက်ရိုက်ပေးချေသည့် ချက်လက်မှတ်များ)၊ တစ်ကြိမ်တစ်ခါ ဘဏ္ဍာရေး အထောက်အကူနှင့် P-EBT ပမာ အစားအစာ အစီအစဉ်များ ကဲ့သို့သော COVID-19 အထောက်အကူအပါအဝင် အရေးပေါ် ဘေးဒုက္ခ ကယ်ဆယ်ရေးများ၊

  • ငွေကြေးထောက်ပံ့မှုရင်းမြစ်ပေါ်မူမတည်ဘဲ အစားအစာဘဏ်၊ ခိုလှုံစရာနေရာများနှင့် ဘဏ္ဍာရေး အထောက်အကူကဲ့သို့သော အသိုင်းအဝိုင်း အခြေပြုဝန်ဆောင်မှုများ၊

  • ရေရှည်စောင့်ရှောက်မှုအတွက် အစိုးရမှ ပေးချေမှသာ Medicaid နှင့် အခြား ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များကို ထည့်သွင်းစဉ်းစားပါသည်၊ ဥပမာ - သူနာပြုဂေဟာတစ်ခုတွင်းကဲ့သို့။

  • လူမှုဖူလုံရေး၊ အငြိမ်းစားယူခြင်းနှင့် စစ်မှုထမ်းဟောင်း အကျိုးခံစားခွင့်များကဲ့သို့သော "လုပ်ကိုင်ရှာဖွေရရှိသည့်” အကျိုးခံစားခွင့်များ ပါဝင်ပါသည်။

အောက်ပါအကျိုးခံစားခွင့်များအား တက္ကဆက်ပြည်နယ်တွင်း နေထိုင်သူများအတွက် အစိုးရကုန်ကျစရိတ် စစ်ဆေးမှုတစ်ခုအတွင်း ထည့်သွင်းစဉ်းစားနိုင်ပါသည် -*

  • စဉ်ဆက်မပြတ်ရှိနေသည့် နေထိုင်မှုကုန်ကျစရိတ်များကို ပေးချေရန် ရည်ရွယ်သည့် SSI သို့မဟုတ် TANF ကဲ့သို့ ငွေသားအထောက်အကူ၊ နှင့်

  • Medicaid သို့မဟုတ် အခြား အစိုးရအစီအစဉ်တစ်ခုမှ ပေးချေသည့် အဖွဲ့အစည်းဖြင့် ရေရှည်စောင့်ရှောက်မှု။**

အစိုးရ ကုန်ကျစရိတ် စစ်ဆေးမှုတစ်ခု ရင်ဆိုင်ရသော ရွှေ့ပြောင်းနေထိုင်သူအများစုသည် ဤစစ်ဆေးမှုတွင်း ထည့်သွင်းစဉ်းစားသည့် အကျိုးခံစားခွင့်များအတွက် သတ်မှတ်ချက် မပြည့်မီပါ။ ထပ်ဆောင်းအချက်အလက်များ ရရှိရန် ဥပဒေရေးရာ အကူအညီပေးသည့် ရှေ့နေတစ်ဦးနှင့် စကားပြောဆိုပါ။ အကူအညီ လိုအပ်ပါသလား။ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အထောက်အကူနှင့် ဥပဒေရေးရာ အကူအညီ ရင်းမြစ်များကို ဤနေရာတွင် ရှာဖွေလိုက်ပါ။

ဤသီးသန့် အစီအစဉ်များကို ယခင်က သင်အသုံးပြုခဲ့ဖူးပါလျှင် သင့်အနေဖြင့် နောင်တစ်ချိန်၌ အစိုးရ ကုန်ကျစရိတ်တစ်ခု ဖြစ်လာနိုင်ခြေမရှိကြောင်း ပြသရန်အခွင့်အရေးတစ်ခု သင့်ထံ၌ ရှိပါသေးသည်။ သင်၏ ဂရင်းကတ် သို့မဟုတ် ဗီဇာလျှောက်လွှာကို သုံးသပ်စစ်ဆေးချိန်တွင် လူဝင်မှုကြီးကြပ်ရေးအရာရှိများအနေဖြင့် သင်၏ အခြေအနေအရပ်ရပ်ကို ကြည့်ရှုရပါမည်။

အကျိုးခံစားခွင့်များဆိုင်ရာ PDF ဖိုင်တစ်ခုကို ကြည့်ရှုရန်